ယူကရိန်းမှာ တပ်ဖွဲ့ချတာအပေါ် ရုရှား ကာကွယ်ပြော

ဓာတ်ပုံ မူပိုင် na
Image caption ဖြုတ်ချခံသမ္မတရဲ့ ပန်ကြားချက်အတိုင်း ယူကရိန်း ပြည်သူတွေကို ကာကွယ်ဖို့ လုပ်တာလို့ ရုရှားပြော

ခရိုင်းမီးယားဒေသရဲ့ အရှေ့မြောက်ဖက် ကီလို မီတာ ၃ရာလောက်မှာ ရှိတဲ့ ဒေါ်နက်စ်ခ်မြို့မှာ ဒေသန္တရ အစိုးရ အဆောက်အအုံတခုကို ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေက ဝင်ရောက် သိမ်းပိုက်လိုက်ကြပါတယ်။

ဒေါ်နက်စ်ခ်မြို့ဟာ ပြုတ်ကျသွားတဲ့ သမ္မတ ဗစ်တာ ယာနူကိုဗစ်ရဲ့ ဇာတိမြို့ ဖြစ်ပြီး ဒေသခံအများစုဟာ ရုရှား ဘာသာစကားပြောသူတွေ ဖြစ်ပါတယ်။

ဆန္ဒပြသူ ၃ရာလောက် အဲဒီ အဆောက်အအုံထဲ အတင်းဝင်ရောက်သွားခဲ့ကြစဉ်မှာ လူအုပ်ကြီးက ရုရှားအလံတွေ ဝှေ့ယမ်းခဲ့ကြပြီး ပူတင် လာခဲ့ပါလို့ အဆောက်အအုံ အပြင်ဘက်ကနေ ကြွေးကြော် အော်ဟစ်ခဲ့ကြတယ်လို့ သတင်းတရပ်က ဆိုပါတယ်။

ယူကရိန်းမှာ ရုရှား စစ်တပ်တွေ ချထားတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ ရုရှားအစိုးရက ကာကွယ် ပြောဆို သွားပါတယ်။

ယူကရိန်း အရပ်သား ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ပြည်တွင်းစစ်ကြီး မဖြစ်အောင် တားဆီးဖို့ အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ဖြုတ်ချခံ ယူကရိန်းသမ္မတ ဗစ်တာ ယာနူကိုဗစ်က ရုရှားအစိုးရကို ပန်ကြားခဲ့တာလို့ ရုရှားကိုယ်စားလှယ် ဗီတာလီယာ ချာကင် က ပြောပါတယ်။

ရုရှားအစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားကတော့ အခုလို ရှုတ်ချ ပြောဆိုလိုက်ပြီး စီးပွားရေးအရ သံတမန်ရေးအရ ရုရှား အစိုးရကို ဝိုင်းရှောင်ကျဉ်ကြဖို့လိုမျိုး အရေးယူ ဆောင်ရွက်ဖို့ နည်းလမ်းတွေကို စဉ်းစား သုံးသပ်နေတယ်လို့ ပြောသွားပါတယ်။

EU ဥရောပ သမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ကို ရန်လိုတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချ ပြောဆိုလိုက်ပြီး ခရိုင်းမီးယားမှာ ရှိတဲ့ ရုရှားတပ်တွေကို အမြန်ဆုံး ရုတ်သိမ်းဖို့ ပြောကြားလိုက်ပါတယ်။

တခါ ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို အင်္ဂါနေ့မနက်မတိုင်ခင် လက်နက်ချဖို့ မချရင် ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမယ် ဆိုပြီး ရုရှားက ရာဇသံ ပေးခဲ့တာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ငြင်းဆို ပြောကြားလိုက်ပါတယ်။