ကားလက်စ် ပူယို အနားယူတော့မယ်

ဓာတ်ပုံ မူပိုင် Getty
Image caption ဘာစီလိုးနား အသင်းခေါင်းဆောင် ကားလက်စ် ပူယို

ဘာစီလိုးနား အသင်းခေါင်းဆောင် ကားလက်စ် ပူယို ဟာ အခုဘောလုံး ရာသီ အကုန်မှာ အနားယူတော့မယ်လို့ ပြောပါတယ်။

အသက် ၃၅နှစ် ရှိပြီ ဖြစ်တဲ့ ပူယိုဟာ ဒူးမှာ ထပ်တလဲလဲ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဆယ်ငါးနှစ်တာ သက်တမ်းတလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုးနား အသင်းကနေ အနားယူရတော့မယ်လို့ သူက ဆိုပါတယ်။

ပူယို ရဲ့ လက်ထက်မှာ စပိန်က နာမယ်ကြီး ဘာစီးလိုးနား ကလပ်အသင်း ဟာ စပန်းနှစ်ရှ် လာလီဂါ အမှတ်ပေးဖလား ခြောက်ကြိမ်နဲ့ ဥရောပ ချန်ပီယံစ်လိဂ် သုံးကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ပူယို ဟာ စပိန် အသင်းကို ကိုယ်စားပြု နိုင်ငံတကာ ပွဲ အကြိမ် ၁ဝဝ ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ စပိန်အသင်းကို ဥရောပ ချန်ပီယံ ဆု ရစေခဲ့သလို အဲဒီနောက် နှစ်နှစ် အကြာမှာ ကမ္ဘာဖလားကို ဆွတ်ခူး စေနိုင်ခဲ့တာ ဖြစ်ပါတယ်။