ခရိုင်းမီးယားနဲ့ ရုရှ တာတာစတန် လက်မှတ်ထိုး

  • 5 မတ် 2014
guards outside crimea state admin ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုင်းမီးယား ဒေသန္တရ အစိုးရရုံးရှေ့က လုံခြုံရေးတွေ။

ရှရှားကို အလွန် လိုလားနေတဲ့ ခရိုင်းမီးယား ဒေသန္တရ အစိုးရဟာ တာတာ လူမျိုးစုတွေရဲ့ ထောက်ခံမှုကို ရဖို့ လုပ်ဆောင်တဲ့ အနေနဲ့ ရုရှား ဒေသတစ်ခုဖြစ်တဲ့ တာတာစတန်နဲ့ စီးပွားရေး နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။

ဒီသဘောတူ စာချုပ်အရ တာတာ စာသင်ကျောင်းတွေလို အဆောက်အဦးသစ်တွေ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ကူညီဖို့အတွက် ကတိတဝတ်တွေ ထားရှိကြပါတယ်။

တကယ်တော့ ခရိုင်းမီးယားက တာတာ လူမျိုးစုတွေဟာ မော်စကိုရဲ့ နှိပ်စက်မှုတွေကို ခံစားခဲ့ရတဲ့ သမိုင်းကြောင်း ရှိခဲ့ကြပြီး အများအားဖြင့် ရုရှားကို ဆန့်ကျင်ကြတဲ့ သူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ခရိုင်းမီးယားက တာတာတွေဟာ ရုရှားပိုင်နယ်မြေ တာတာစတန် ဆီကနေ အကြံဉာဏ်နဲ့ အကူအညီတွေ ရယူဖို့ ဆန္ဒရှိကောင်း ရှိနိုင်ပါတယ်။

ရုရှားရဲ့ တာတာ စတန် နယ်မြေ ဒေသဟာ တချို့တဝက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားပြီး သူတို့ရဲ့ တာတာ စကားကိုလည်း ရုံးသုံး ဘာသာစကား အဖြစ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ