အိန္ဒိယ ရွေးကောက်ပွဲ နောက်လ ကျင်းပမယ်

  • 5 မတ် 2014
Image caption အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ VS Sampath

အိန္ဒိယနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီလ ၇ ရက်နေ့မှာ စတင် ကျင်းပတော့မယ်လို့ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

မဲပေးဖို့အတွက် မဲရုံတွေကို မေလ အလယ်အထိ ဖွင့်ထားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ရာဟူး ဂန်ဒီ ဦးဆောင်တဲ့ အာဏာရ ကွန်ဂရက်ပါတီအပြင် အဓိကပြိုင်ဘက် နရန်ဒရာ မိုဒီရဲ့ ဟိန္ဒူ အမျိုးသားရေး ဘီဂျေပီ ပါတီ တို့နဲ့အတူ တခြား ပါတီငယ်လေးတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အိန္ဒိယမှာ မေပေးခွင့်ရှိသူပေါင်း သန်း ၈၀၀ ကျော် ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၅ နှစ်ကနဲ့ နှိုင်းယှဉ်ရင် မဲပေးခွင့်ရှိသူ သန်း ၁၀၀ တိုးလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ