ခရိုင်းမီးယား ပါလီမန်က ရုရှားနဲ့ပေါင်းဖို့ ဆုံးဖြတ်

  • 6 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ခရိုင်းမီးယား ပါလီမန်ရှေ့က ခုခံရေး တပ်သားတွေ

ခရိုင်းမီးယားနယ်ရဲ့ ပါလီမန် အမတ်တွေဟာ ခရိုင်းမီးယားကို ရုရှားနဲ့ ပူးပေါင်းဖို့ ကန့်ကွက်မဲ မရှိ မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအဆုံးအဖြတ်ကို ၁၀ ရက်အတွင်း ပြည်နယ်လုံးကျွတ် ဆန္ဒသဘောထား ကောက်ခံသွားမယ်လို့ စီစဉ်ထားပြီး ရုရှား စကားပြော ဒေသခံ လူတွေရဲ့ သဘောတူညီမှုကို ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တကယ်တော့ ဒီလို ဆုံးဖြတ်နိုင်ဖို့ ခရိုင်းမီးယားနယ် ပါလီမန်မှာ တရား၀င် အခွင့်အာဏာ မရှိပါဘူး။ ဒါပေမယ့် ခရိုင်းမီးယား ကျွန်းဆွယ်ဟာ လက်တွေ့မှာ ရုရှားရဲ့ ထိန်းချူပ်မှုအောက် ကျရောက်နေပါတယ်။

ရုရှား အစိုးရ အနေနဲ့ ခရိုင်းမီးယား ပါလီမန်က ပြုလုပ်မယ့် ဆန္ဒ ကောက်ခံပွဲကို ကန့်ကွက်စရာ မရှိဘူးလို့ အစိုးရ အကြံပေးအရာရှိက ဘီဘီစီကို ပြောပါတယ်။

ခရိုင်းမီးယား အနေနဲ့ ရုရှားနဲ့ တရားဝင် ပူးပေါင်းနိုင်ဖို့ရာ လိုအပ်တဲ့ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လွယ်လွယ်ကူကူ ဖြစ်အောင် ရုရှားဘက်က ပြောင်းလဲပေးဖို့ စီစဉ်နှင့်ပြီး ဖြစ်နေပါတယ်။

ရုရှားတပ်တွေကိုတော့ ခရိုင်းမီးယားမှာ အရင်ကထက် စာရင် ပေါ်ပေါ်ထင်ထင် တွေ့ရမှု နည်းသွားတယ်လို့ ခရိုင်းမီးယားက ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ