ခရိုင်းမီးယား လူထုက ထောက်ခံရင် ရုရှ လက်ခံမယ်

  • 7 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ခရိုင်းမီးယားက ရုရှားနဲ့ပေါင်းမယ့် အစီအစဉ်ကို ဆန့်ကျင်သူအချို့။

ခရိုင်းမီးယားကို ရုရှနိုင်ငံထဲ ထည့်သွင်းဖို့ ခရိုင်းမီးယား ဆန္ဒခံယူပွဲမှာ လူထုက ထောက်ခံမဲ ပေးခဲ့ကြရင် ရုရှ ပါလီမန် ကလည်း ဒါကို ထောက်ခံမယ်လို့ ရုရှ အထက်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

နောက် ၉ ရက်ကြာရင် လုပ်ဖို့ စီစဉ်ထားတဲ့ လူထုဆန္ဒ ခံယူပွဲဟာ တရားဝင်မှု မရှိဘဲ ယူကရိန်း ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်မှု တစ်ခုဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ဖော်ပြပြီး ရှုတ်ချခဲ့ကြပါတယ်။

ခရိုင်းမီးယားမှာ ရုရှတို့ ပြုမူနေပုံတွေဟာ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်မှု ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ရုရှသမ္မတ ပူတင်နဲ့ ဒုတိယအကြိမ် အချိန်အကြာကြီး တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ ပူတင်ကတော့ ယူကရိန်းမှာ သူတို့ ကြားဝင်တာဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ လုပ်တာသာ ဖြစ်တယ်လို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။

ယူကရိန်း ကြားဖြတ် အစိုးရသစ်ဟာ ယူကရိန်း အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ခရိုင်မီးယား ဒေသတွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ လုံးဝ မညီတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ