ယူကရိန်း ၀န်ကြီးချုပ်ကို သမ္မတ အိုဘားမားဖိတ်

  • 10 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk

ယူကရိန်း နိုင်ငံအရေး ဆွေးနွေးရအောင် ဝန်ကြီးချုပ် Arseniy Yatsenyuk ကို အမေရိကန် သမ္မတ အိုဘားမားက ဝါရှင်တန်ကို ဖိတ်ခေါ်လိုက်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ ခရိုင်းမီးယားကို ရုရှားက စစ်ရေးအရ ကျူးကျော် ဝင်ရောက်မှု အပေါ် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ကို အဓိကထား ဆွေးနွေးကြမှာလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီလို ဖိတ်ခေါ်ချက်ဟာ ကီးယက်မြို့က ယူကရိန်း ယာယီ အစိုးရကို အမေရိကန်က ထောက်ခံမှု ပြသလိုက်တာဘဲလို့ သတင်းထောက်တွေက ပြောပါတယ်။

တချိန်တည်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ရုရှား အစိုးရကို သံတမန်နည်းအရ ဖိအားပေးနေပါတယ်။

ခရိုင်းမီးယားမှာ ရုရှားပေါင်းဖို့ သင့်မသင့် လူထုဆန္ဒခံပွဲ ကျင်းပမယ့် အစီအစဉ်ဟာ တရားမ၀င်ဖူးလို့ ထင်ကြောင်း ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် က ရုရှား သမ္မတ ပူတင်ကို ပြောကြားခဲ့ပါတယ်။