ရုရှားကို အမေရိကန် သတိပေးပြီ

  • 9 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရုရှားနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတွေ အပြင်းအထန် ဆွေးနွေးနေ

ရုရှားဟာ ခရိုင်းမီးယားကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် တိုက်ခိုက် သိမ်းယူမယ် ဆိုရင် သံတမန်ရေး အရ ဆွေးနွေးမှုတွေ ရပ်ပစ်မယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

ခရိုင်းမီးယားဟာ ယူကရိန်းရဲ့ တစိတ်တဒေသ ဖြစ်ပြီး အဲဒီမှာ ရုရှားအနေနဲ့ စစ်ရေး တင်းမာမှု ကြီးထွားလာအောင် မလုပ်သင့်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး ဆာရော့ဗ်ကို ဖုန်းပေါ်ကတဆင့် ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ခရိုင်းမီးယား မြို့တော် ဆင်ဖရိုပိုးလ် မှာတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေး အတွက် သူတို့ သဘောအလျောက် ဖွဲ့ထားတယ် ဆိုတဲ့ သူ့အဆိုအရ ခရိုင်းမီးယား တပ်မတော်သစ် ရဲ့ ကျမ်းကျိန် သစ္စာဆိုပွဲကို ရုရှားကို လိုလားတဲ့ ခေါင်းဆောင် ဆာဂေး အာဆင်နော့ဗ် က ကျင်းပပေးခဲ့ပါတယ်။

ဒီတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း အစိုးရရဲ့ မဟာမိတ်တွေကို သစ္စာခံစရာ မလိုတော့ဘူးလို့ ခေါင်းဆောင်သစ် အာဆင်နော့ဗ်က ပြောပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က လေ့လာရေးမှူး ငါးဆယ်ကျော် ဟာလည်း peninsula ဒေသထဲကို ဝင်ခွင့်မရဘဲ ပြန်လှည့်လာခဲ့ရပြီး အခုလို ကြိုးစားနေတာ သုံးရက်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ