အာဖဂန် ရွေးကောက်ပွဲကို တာလီဘန် ဖျက်ဆီးမယ်

  • 10 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန် နိုင်ငံရေးသမားတွေရဲ့ ပိုစတာရှေ့ လူအချို့ ဖြတ်လျှောက်စဉ်။

အာဖဂန်နစ္စတန် နိုင်ငံမှာ လာမယ့် ဧပြီလ အစောပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အင်အားသုံးပြီး အနှောင့်အယှက်ပေး ဖျက်ဆီးရမယ်လို့ တာလီဘန် ခေါင်းဆောင် တွေက သူတို့ရဲ့ တပ်ဖွဲ့၀င်တွေကို ညွှန်ကြား ထားပါတယ်။

အာဖဂန် အရပ်သားတွေ အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက် မပတ်သက်ကြဖို့ တာလီဘန်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သတိပေးထားပါတယ်။

ဒီရွေးကောက်ပွဲဟာ အမေရိကန်နဲ့ သူ့ရဲ့ လက်ဝေခံတွေ လက်ဝါးရိုက်ထားတဲ့ ရုပ်ပြမျှသာ ဖြစ်တဲ့အကြောင်း တစ်နိုင်လုံးက ဘာသာရေး ဆရာတွေကနေ တဆင့် ပြည်သူတွေကို အသိပေးထားတယ်လို့ တာလီဘန်တို့က ပြောပါတယ်။

အာဖဂန်မှာ ရွေးကောက်ပွဲ နောက်ဆုံး ကျင်းပခဲ့တာ ၂၀၀၉ ခုနှစ်က ဖြစ်ပြီး အဲဒီအချိန်က ရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှု၊ သွေးထွက်သံယို ဖြစ်မှုတွေနဲ့ အရုပ်ဆိုးခဲ့ရပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ကြသူတွေ သာမက မဲပေးကြသူ တချို့လည်း အကြမ်းဖက် သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ