ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်

  • 10 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

မင်ဒါနို ကျွန်းပေါ်က ရဲစခန်းကို New People Army လို့ခေါ်တဲ့ အဖွဲ့က သူပုန်တွေ ဒါဇင်နဲ့ချီပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ပြန်အဆုတ်မှာ နောက်က လိုက်တဲ့ စစ်တပ်က စစ်သားတချို့ဟာ လမ်းနံဘေးမှာ ထောင်ထားရစ်ခဲ့တဲ့ မိုင်းဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီ New People Army ဟာ ၁၉၆၀ ပြည့်နှစ်ကျော် နှစ်တွေကတည်းက ဖိလစ်ပိုင် အစိုးရကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန်အကြား ငြိမ်းချမ်းရေး စကားပွဲဟာ မနှစ်တုန်းက မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ