ဆီးရီးယား ခရစ်ယာန် သီလရှင်တွေ လွတ်မြောက်လာ

  • 10 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်လည် လွတ်မြောက်လာကြတဲ့ ခရစ်ယာန် သီလရှင်တွေ

ဆီးရီးယားနိုင်ငံမှာ သူပုန်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ၃လ ကျော် ခံခဲ့ရတဲ့ ဂရိ အော်သိုဒေါ့စ် ခရစ်ယာန် သီလရှင် ၁၃ ဦးနဲ့ အကူ ၃ ဦးတို့ တနင်္ဂနွေနေ့က ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကတည်းက ဆီးရီးယားက ခရစ်ယန် မြို့လေး ဖြစ်တဲ့ မလူလာ ကနေ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးခဲ့တဲ့ အဖွဲ့ကတော့ အယ်လ်ကိုင်းဒါးနဲ့ အဆက်အသွယ်ရှိတဲ့ Al- Nusra Front အုပ်စုပဲ ဖြစ်ပါတယ်။

ဒမတ်စကတ်မြို့ကို ပြန်ရောက်လာကြတဲ့ အဲဒီ သီလရှင်တွေကို ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။

သူတို့ဟာ နည်းနည်း ပင်ပန်းနေကြပေမယ့် အဖမ်းခံ နေရစဉ်တုန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလို လွတ်မြောက်လာမှုဟာ ဆီးရီးယား အစိုးရက သဘောတူခဲ့တဲ့ အပြန်အလှန် အကျဉ်းသား လွှတ်ပေးရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီသဘောတူမှု ရရှိလာအောင် လက်ဘနွန် စစ်ဗိုလ်ချူပ်တစ်ဦးနဲ့ ကာတာနိုင်ငံတို့က ကြား၀င် ညှိနှိုင်းပေးခဲ့ပါတယ်။

ဆီးရီးယား အစိုးရဘက်ကလည်း အမျိုးသမီးနဲ့ ကလေးသူငယ် အကျဉ်းသား ၁၅၀ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ