လစ်ဗျား ၀န်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ် Ali Zeidan

လစ်ဗျားမှာ ရာထူးက ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ် အလီဇေဒန်းကို ငွေကြေးဆိုင်ရာ မသမာမှုတွေ စုံစမ်း စစ်ဆေးနေချိန်မှာအစိုးရ ရှေ့နေတွေက ပြည်ပ ခရီးသွားလာခွင့် ပိတ်ထားလိုက် ပါတယ်။

သူပုန်တွေ ထိန်းချုပ်ရာ Al-Sidra ဆိပ်ကမ်းက မြောက်ကိုရီးယား အလံလွှင့် ဆီတင်သင်္ဘောတစင်း ၊ လစ်ဗျား ရေတပ်က စောင့်ကြည့်ပိတ်ဆို့ထားတဲ့ ကြားက နိုင်ငံတကာ ရေပြင် ပိုင်နက်ထဲ လွတ်မြောက် သွားခဲ့ပြီးတဲ့နောက် ပါလီမန်မှာ ဝန်ကြီးချုပ် အလီဇေဒန်းကို အယုံအကြည်မရှိကြောင်း မဲခွဲ ဆုံးဖြတ်ကာ ရာထူးက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ကဒါဖီ ပြုတ်ကျသွားပြီးနောက်ပိုင်း တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတဲ့ အစိုးရအတွက် ဒီ ဆီတင် သဘောလွတ်မြောက်သွားမှုဟာ ရှက်စရာတရပ်ဘဲလို့ သတင်းထောက်တွေက ပြောပါတယ်။

အခုတော့ လစ်ဗျားမှာ ကာကွယ်ရေး ဝန်ကြီး Abdullah al-Thinni ကို ယာယီ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ