ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု စတင်တော့မယ်

  • 11 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ခရိုင်းမီးယား အရေးအတွက် ပြီးခဲ့တဲ့ အပတ် ဆွေးနွေးပွဲမှာ တွေ့ရစဉ်။

ခရိုင်းမီးယား ဒေသကို စစ်ရေးအရ ၀င်ရောက် စွက်ဖက်ခဲ့တဲ့ ရုရှားအပေါ် ပိုမို တင်းကျပ်တဲ့ ပြစ်ဒဏ်ခတ်မှုတွေ ပြုလုပ်မလား ဆိုတာကို စဉ်းစားကြဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ဒီကနေ့ လန်ဒန်မြို့မှာ တွေ့ဆုံနေပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီသီတင်းပတ်ထဲမှာကို ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပြီး နောက်တစ်ပတ် တနင်္ဂနွေမှာ ခရိုင်းမီးယားမှာ ပြုလုပ်မယ့် ရုရှားနဲ့ ပူးပေါင်းရေး ဆန္ဒခံယူပွဲဟာလည်း တရားမဝင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီအချိန်မှာပဲ ပြုတ်ကျသွားတဲ့ ယူကရိန်း သမ္မတ ယာနူကိုဗစ်ချ်က အခု ယူကရိန်း အစိုးရအသစ်ပေါ် ဒေါ်လာ သန်းတစ်ထောင် ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းမှုဟာ တရားမ၀င်ဘူးလို့ ကန့်ကွက်လိုက်ပါတယ်။

တရားမဝင် အစိုးရ တစ်ရပ်ကို အခုလို ငွေရေးကြေးရေးအရ ထောက်ပံ့မှုမျိုး မလုပ်ဖို့ အမေရိကန် ဥပဒေတွေက တားမြစ်ထားတယ်ဆိုတာ သူနားလည်ထားတယ်လို့ မစ္စတာ ယာနူကိုဗစ်ချ်က ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်နဲ့ တရားရုံးချုပ်ကို အရေးဆိုသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ