ပျောက်ဆုံးလေယာဉ်ကို တိုးမြှင့် ရှာဖွေနေဆဲ

  • 12 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝေဖန်မှုတွေကို မလေးရှား ပို့ဆောင်ရေး ဝန်ကြီးက ကာကွယ်ပြောဆို

လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ မလေးရှား လေကြောင်းလိုင်းက လေယာဉ်နဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ ဒွိဟဖြစ်ဖွယ် အယူအဆ အမျိုးမျိုးနဲ့ သတင်း အမျိုးမျိုးတွေ ထွက်လာခဲ့ပြီးတဲ့နောက် အခုအခါ ရှာဖွေရေး အဖွဲ့တွေဟာ မလေးရှား ကျွန်းဆွယ်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နှစ်ဘက် စလုံးမှာပါ ပိုက်စိတ်တိုက် တိုးမြှင့် ရှာဖွေနေကြပြီ ဖြစ်ပါတယ်။

မလက္ကာ ရေလက်ကြားမှာ အမည်မဖော်နိုင်တဲ့ အရာ၀တ္တုတစ်ခုကို စစ်တပ်ရေဒါထဲ ဖမ်းမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီ အရာ၀တ္တုတာ ပျောက်ဆုံနေတဲ့ လေယာဉ်ပျံလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဗီယက်နမ်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ လောက်သာ ကွာတဲ့ တောင်တရုတ် ပင်လယ် ကမ်းလွန် ရေနံစင်ပေါ်က အလုပ်သမားတစ်ဦးကလည်း မီးလောင်နေတဲ့ အရာတစ်ခု ကောင်းကင်ပေါ်မှာ တွေ့ခဲ့တယ်လို့ ထွက်ဆိုထားပြန်ပါတယ်။

အခုလို သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာလည်း စည်းစနစ် မကျဘူး ဆိုတဲ့ ဝေဖန်မှုတွေကို ကွာလာလမ်ပူမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ပို့ဆောင်ရေး ယာယီ ၀န်ကြီး ဟစ်ရှာမူဒင် ဟူစိန်က ကာကွယ် ပြောဆိုသွားခဲ့ပြီး ရှာဖွေရေးမှာ အားစိုက် ပါဝင်နေသူတွေကို ချီးကျူးရမှာသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ