ယူကရိန်း ဝန်ကြီးချုပ်နဲ့ အိုဘားမား တွေ့ဆုံ

  • 12 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ကြားဖြတ် ဝန်ကြီးချုပ် Arseniy Yatsenyuk

ယူကရိန်းရဲ့ ကြားဖြတ် ဝန်ကြီးချုပ် Arseniy Yatsenyuk ဟာ ဒီကနေ့ ဝါရှင်တန်မှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဒီလို မစ္စတာ ယတ်ဆင်ညုကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ခဲ့တာဟာ ယူကရိန်းနိုင်ငံနဲ့ လက်ရှိ အစိုးရသစ်ရဲ့ တရားဝင်မှုအပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေးမှုကို ပြသတာပဲလို့ ပြောဆိုခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းရဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ ခရိုင်းမီးယားမှာ ရုရှားနဲ့ ပူးပေါင်းရေးအတွက် ဆန္ဒခံယူပွဲသာ စီစဉ်ထားတဲ့အတိုင်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့မယ် ဆိုရင် သံတမန် ရေးရာ ကိစ္စတွေ ပိုမို တင်းမာလာနိုင်ပြီး အမေရိကန် အနေနဲ့ ရုရှားအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံပြုလုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။