ယူကရိန်းအရေး ရုရှားကို ဂျာမနီ သတိပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ အပတ်က အတူတွေ့ရတဲ့ ရုရှားသမ္မတ ပူတင်နဲ့ မစ် မာကဲလ်။

မော်စကို အနေနဲ့ အိမ်နီးချင်း ယူကရိန်းက အခြေအနေတွေကို မတည်မငြိမ် ဖြစ်အောင် ဆက်လုပ် နေမယ် ဆိုရင် ပြသနာ အခက် အခဲတွေ အကြီးကျယ် ဖြစ်စေမယ်လို့ ဂျာမန် ပါလီမန် အကြီးအကဲ Angela Merkel က သတိပေး ပြောကြားလိုက်ပါတယ်။

ဘာလင်မြို့ ဂျာမန် ပါလီမန်မှာ မစ်စ် မာကဲလ်က ပြောကြားခဲ့တာ ဖြစ်ပြီး ရုရှားတို့ အနေနဲ့ အခုသွားနေတဲ့ လမ်းကြောင်းကို မပြောင်းဘူးဆိုရင် အီးယူ ခေါင်းဆောင်တွေအနေနဲ့ ရုရှားအပေါ် စီးပွားရေး အရ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေမယ့် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ပြောကြားသွားပါတယ်။

ရုရှားအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက လုပ်နေတဲ့အတိုင်း ဆက်သွားမယ်ဆိုရင်တော့ ယူကရိန်း အတွက်တင် မဟုတ်ဘဲ ရုရှားအတွက်ပါ အခက်အခဲ ပြသနာတွေ အကြီးအကျယ် ဖြစ်စေမယ်လို့ မစ်စ်စ်မာကဲလ်က ပြောပါတယ်။

ဒါပေမယ့်လို့ ဂျာမနီနိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး ကတော့ ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မလုပ်ဘဲ ရှောင်ရှားဖို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ