ဂျကာတာ မြို့ဝန် သမ္မတ အရွေးခံမယ်

  • 14 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဂျိုကိုဝီဒိုကို ထောက်ခံကြသူများ

အင်ဒိုနီးရှား နိုင်ငံမှာ လာမယ့် ဇူလိုင်လအတွင်း ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လူကြိုက်များနေတဲ့ ဂျကာတာ မြို့တော်ဝန် ဂျူဂို ဝီဒိုဒိုကို အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ဘက်က သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။

ဂျိုကိုဝီလို့ အသိများတဲ့ ဂျိုဂိုဝီဒိုဟာ ကျန် သမ္မတလောင်း တွေထက် အပြတ်အသတ် လူကြိုက်များမှု ရရှိနေတယ်လို့ ရွေးကောက်ပွဲကြို လူထုသဘောထား စစ်တမ်းတွေက ဆိုပါတယ်။

သူ့ကို ဒီလို သမ္မတလောင်း အနေနဲ့ ရွေးချယ်ခဲ့တဲ့အပေါ် ယခင် သမ္မတလည်း ဖြစ်ဖူးပြီး အင်ဒိုနီးရှား နိုင်ငံကို တည်ထောင်ခဲ့သူ ဆူကာနိုရဲ့ သမီး မေဂါဝတီ ဆူကာနို ပူထရီက သဘောတူ ထောက်ခံခဲ့ပါတယ်။

ဂျားဗားကျွန်း အလယ်ပိုင်း ပျံကျ ရပ်ကွက်တွေမှာ ကြီးပြင်းလာခဲ့တဲ့ မစ္စတာ ဂျိုကိုဟာ သူ့ရဲ့ ဂျကာတာ မြို့တော်ဝန် သက်တမ်းတလျှောက်မှာ ပရိယာယ် မပါတဲ့ ပြောဆိုတတ်မှုတွေကြောင့် လူကြိုက်များခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ