ရှာဖွေရေး ဧရိယာ အိန္ဒိယ သမုဒ္ဒရာ ပါဝင်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်က USS Kidd ကို အိန္ဒိယ သမုဒ္ဒရာကို လွှတ်ထား

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရာမှာ အခုအခါ အနောက်ဘက်ပိုင်းကို တိုးမြှင့်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာပါ ရှာဖွေနေတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်ပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းခဲ့တယ် ဆိုတဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက် တစုံတရာ ပေးဖို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး ဟစ်ရှာမူဒီန် ဟူစိန်က ငြင်းဆိုခဲ့ပါတယ်။

မလေးရှား လေကြောင်း ပျံသန်းမှု အကြီးအကဲ မစ္စတာ ရာမန်ကတော့ လေယာဉ်ကို ရှာဖွရာမှာ ဂြိုလ်တုက တဆင့် သတင်း အချက်အလက်တွေ ရယူဖို့ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ အခြေစိုက်တဲ့ မြေအောက် ငလျင်လှိုင်း တိုင်းတာရေး အဖွဲ့က လေယာဉ် ပျက်ကျမှုကနေ ပေါ်ထွန်းလာနိုင်တဲ့ ပယ်လယ်ကြမ်းပြင် လှုပ်ရှားမှုမျိုးကို တောင်တရုတ် ပင်လယ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ