နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်တွေ တိုက်ခိုက်

  • 14 မတ် 2014
ဓာတ်ပုံ မူပိုင် google
Image caption ရာနဲ့ချီတဲ့ လက်နက်ကိုင်တွေ မိုင်ဒူဂါရီ မြို့ထဲ ဝင်ရောက်

နိုင်ဂျီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက မိုင်ဒူဂါရီ မြို့တော်မှာ အစ္စလာမ်မစ် စစ်အုပ်စု ဘိုကိုဟာရမ် ရဲ့ လက်ချက်လို့ ယူဆရတဲ့ တိုက်ခိုက်မှု တွေကြောင့် သေနတ်သံနဲ့ ပေါက်ကွဲသံတွေ အကြီးအကျယ် ထွက်ပေါ်လာ နေပါတယ်။

အရုဏ်တက်ပြီးစ အချိန်မှာပဲ ရာနဲ့ချီတဲ့ လက်နက်ကိုင်တွေ မြို့ထဲကို စီးနင်းလာခဲ့တယ်လို့ သတင်းတွေ ရရှိထားပါတယ်။

သူတို့ဟာ ဖမ်းဆီးထားတဲ့ သူပုန် အကျဉ်းသားတွေ လွတ်မြောက်ရေးကို အဓိကထားပြီး ဘားတိုက်တွေကို တိုက်ခိုက်ခဲ့ကြသလို မိုင်ဒူဂါရီ တက္ကသိုလ်နဲ့ လူနေအိမ်တွေဘက်ကလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဆိုပါတယ်။

ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စုဟာ လူသစ်တွေ စုဆောင်းဖို့ရာ နယ်မြေသစ်တွေ ဖန်တီးနိုင်ခဲ့တယ်လို့ နိုင်ဂျီးယားမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် မင်းကြီး နာဗီပီလ်လေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ