ကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ

  • 14 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption တင်းမာမှုအတွက် အဖြေရှာဖို့ နောက်ဆုံးအခွင့်အရေးဖြစ်

လာမယ့် တနင်္ဂနွေနေ့မှာ ခရိုင်းမီးယားမှာ ကျင်းပမယ့် ရုရှားနဲ့ ပူးပေါင်းရေး လူထုသဘောထား ကောက်ခံပွဲ မတိုင်ခင် တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ရပ် အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လက်ဗရော့ဗ်တို့ လန်ဒန်မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

ဆွေးနွေးပွဲ မစမီမှာမစ္စတာ လာဗရော့ဗ်က ခရိုင်းမီးယား အရေးနဲ့ ပတ်သက်တဲ့ အခြေအနေဟာ အလွန် ခက်ခဲတယ်လို့ အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

ဒီလို ဆွေးနွေးရတာကို သူအနေနဲ့ အလွန် ဝမ်းသာပြီး ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာကို ညှိနှိုင်းရတော့မယ့် အချိန် ရောက်ပြီလို့ မစ္စတာ လက်ဗရော့ဗ်က ပြောသွားပါတယ်။

ဂျွန်ကယ်ရီ အနေနဲ့တော့ ခရိုင်းမီးယားမှာ ရုရှားရဲ့ စစ်ရေး စွက်ဖက်နေမှုနဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲတွေဟာ ရုရှားအပေါ် အမေရိကန်နဲ့ အီးယူတို့ရဲ့ ပူးပေါင်း ပိတ်ဆို့ အရေးယူမှုကို စတင် စေနိုင်တဲ့ အချက်တွေ ဖြစ်တဲ့အကြောင်း လက်ဗရော့ဗ်ကို သတိပေး ပြောဆိုဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ