ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption အပြိုင်အဆိုင် တိုးဝှေ့နေတဲ့ လူအုပ်ထဲနင်းမိ သေဆုံးကုန်

နိုင်ဂျီးရီးယား နိုင်ငံက မြို့ကြီး တချို့မှာ အစိုးရရဲ့ ယာဉ်မောင်း အလုပ်အကိုင်နေရာချထား အစီအစဉ်မှာ လာရောက် လျှောက်ထားသူ အများအပြား တယောက်နဲ့တယောက် နင်းမိကုန်တာကြောင့် လူအတော်များများ သေဆုံးကာ ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

အလုပ်လိုချင်နေတဲ့ သောင်းနဲ့ချီတဲ့ လူတွေ လူဝင်မှု ကြီးကြပ်ရေး ရုံးရှေ့မှာ ဝင်ခွင့်ဖြေဖို့ လာရင်း အခုလို ထိခိုက်ကုန်တာ ဖြစ်ပါတယ်။

အဘူဂျာမြို့က အားကစားရုံရှေ့မှာ အလုပ်လာလျှောက်တဲ့ လူတွေ ပြုံတိုးကြတာကြောင့် အနည်းဆုံး လူ၇ယောက် သေဆုံးသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ပေါ့ထ် ဟားကော့ထ် က အားကစားရုံနဲ့ မင်နာ မြို့က ကျောင်းတကျောင်းမှာလည်း အခုလိုဘဲ ယာဉ်မောင်း အလုပ်လာလျှောက်သူတွေ ပြုံတိုးမှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ဂျီးရီယားမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာနေပြီး အသက် ၂၅နှစ်အောက်လူငယ်တွေရဲ့ သုံးပုံတပုံကျော်ဟာ အလုပ်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။