ခရိုင်းမီးယားအပေါ် အီးယူ ပိတ်ဆို့ အရေးယူ

  • 17 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုင်းမီးယားမှာ ဖေဖော်ဝါရီ လကတည်းက ရုရှား သြဇာခံတပ်တွေ ထိန်းချုပ်ထား

ယူကရိန်း ကနေ ခွဲထွက်ဖို့ ခရိုင်းမီးယားက ဆုံးဖြတ်ချက် ချလိုက်အပြီးမှာ ဥရောပ သမဂ္ဂ အနေနဲ့ ရုရှား နိုင်ငံအပေါ် ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံနေကြပါတယ်။

ဒီလို တွေ့ဆုံကြရာမှာ ရုရှားနဲ့ ခရိုင်းမီးယားက အရာရှိ ၂၁ ဦးအပေါ် ခရီးသွားလာခွင့်တွေ ပိတ်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူ ချုပ်ထိန်းတာမျိုးတွေ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဘယ်သူတွေ ဆိုတာကို နာမည်ထုတ် မကြေညာသေးပေမယ့် တနင်္ဂနွေက ခရိုင်မီးယားမှာ ကျင်းပခဲ့တဲ့ ရုရှား နိုင်ငံထဲ ပါဝင်ရေး လူထုသဘောထား ကောက်ခံပွဲ ပြုလုပ်ရာမှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒီပိတ်ဆို့ အရေးယူမှုဟာ ဥရောပနိုင်ငံတွေရဲ့ ရပ်တည်မှုကို ဖော်ပြပေးမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး ပဋိပက္ခတွေတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ညှိနှိုင်း အဖြေရှာမယ့်အစား နယ်မြေကို သိမ်းပိုက်ဖို့ ခြိမ်းချောက်မှုဟာ လက်သင့်မခံနိုင်ကြောင်း ပြသဖို့ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဝီလျံဟိဂ်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ