ရုရှားထံ ပါဝင်ခွင့်ပြုဖို့ ခရိုင်းမီးယား လျှောက်ထား

  • 17 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားနဲ့ပေါင်းဖို့ ဆန္ဒခံယူပွဲမှာ ၉၇ ရာနှုန်း ထောက်ခံတယ်လို့ဆို

ခရိုင်းမီးယားရဲ့ ပါလီမန်ဟာ ယူကရိန်း လက်အောက်က လွတ်လပ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ရုရှားထံကိုလည်း ပါဝင်ခွင့် ပြုဖို့ လျှောက်ထားလိုက်ပါတယ်။

ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်း ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်သိမ်းမှာ ဖြစ်ပြီး ယူကရိန်း ဥပဒေဟာ ခရိုင်းမီးယားမှာ မသက်ရောက်တော့ ကြောင်းလည်း ကြေညာခဲ့ပါတယ်။

ခရိုင်းမီးယား ဒေသသား အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ ယူကရိန်း စစ်သားတွေ အနေနဲ့ ရုရှား စစ်တပ်ထဲ ဝင်ရောက် အမှုထမ်းလိုရင် လျှောက်ထားနိုင်ပြီး၊ ကျန် ယူကရိန်း နိုင်ငံသား စစ်သားတွေကိုတော့ အိမ်ပြန်ချင်ရင်လည်း ခွင့်ပြုတယ်လို့ ခရိုင်းမီးယား ပါလီမန် အမတ်တစ်ဦးဖြစ်သူ Vladimir Klychnikov က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ယူကရိန်း အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ Igor Tenyukh ကတော့ ခရိုင်းမီးယားမှာ ယူကရိန်းတပ်တွေ ဆက်လက် ရှိနေနိုင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ယူကရိန်း စစ်တပ်တွေ လှုပ်ရှားမှု ပြုဖို့ ယူကရိန်း ပါလီမန်က အတိုင်းအတာ တစ်ရပ်အထိ ခွင့်ပြုပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ