အိန္ဒိယအတိုက်အခံ ဗာရာဏသီကနေ ရွေးကောက်ပွဲ၀င်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်တက်မယ့် ဝန်ကြီးချုပ်လို့ လူသိများနေတဲ့ Narendra Modi

အိန္ဒိယနိုင်ငံမှာ နောက်လကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ခေါင်းဆောင် Narendra Modi က Varanasi မြို့ ကနေ ဝင်ရောက် ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

သန်းရာနဲ့ချီရှိတဲ့ သူ့ကိုလေးစားတဲ့ ဟိန္ဒူတွေကြားမှာ အခုကြေညာချက်ကြောင့် သူ့အပေါ် ထောက်ခံသူတွေ တိုးလာနိုင်တယ်လို့ အကဲခပ်တွေက ပြောပါတယ်။

နောက်တက်မယ့် အိန္ဒိယ ဝန်ကြီးချုပ်လို့ လူသိများနေတဲ့ မစ္စတာ မိုဒီဟာ ဂူဂျာရက် ပြည်နယ်ကို သူအုပ်ချုပ်ခဲ့စဉ်တုန်းက စီးပွားရေး စီမံခန့်ခွဲမှုတွေ စံချိန်တင် အောင်မြင်ခဲ့တာကို ပြပြီး မဲဆွယ်စည်းရုံးနေကြောင်း သိရပါတယ်။

ဒါပေမယ့် ၂ဝဝ၂ ခုနှစ်တုန်းက အဲဒီပြည်နယ်မှာ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ် ကောင်းကောင်း မကိုင်တွယ် နိုင်ခဲ့ဘူးလို့ စွပ်စွဲခံခဲ့ရပြီး ဒီ လူမျိုးရေး အကြမ်းဖက်မှု အတွင်း လူတထောင်ကျော် သေဆုံးခဲ့ကာ အများစုက မွတ်ဆလင်တွေ ဖြစ်ပါတယ်။

သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။