ခရိုင်းမီးယားကို ရုရှားထဲ သွင်းဖို့ ပူတင် အတည်ပြု

  • 18 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုင်းမီးယားကို ရုရှားထဲသွင်းဖို့ လက်မှတ်ထိုးစဉ်

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ခရိုင်းမီးယားကို ရုရှားထဲ သွင်းဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မစ္စတာ ပူတင်ဟာ ရုရှား လွှတ်တော် ၂ ရပ် စလုံးနဲ့ အဆင့်မြင့် အရာရှိတွေ အပါအဝင် ခရိုင်းမီးယားဒေသက ကိုယ်စားလှယ် တွေပါ တက်ရောက်တဲ့ အထူး လွှတ်တော် အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ခရိုင်းမီးယား ကျွန်းဆွယ်ဟာ အစဉ်အဆက် အရေးပါတဲ့ အခန်းကဏ္ဏမှာ ရှိခဲ့ကြောင်း ပြောဆိုမှုနဲ့ သူ့ရဲ့ မိန့်ခွန်းကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။

မစ္စတာ ပူတင်က ဆက်လက် ပြောဆိုရာမှာ မတ်လ ၁၇ရက်နေ့က ခရိုင်းမီးယား ဆန္ဒခံယူပွဲဟာ ဒီမိုကရေစီ နည်းကျပြီး နိုင်ငံတကာ ဥပဒေတွေနဲ့လည်း လုံးဝ ကိုက်ညီတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ