ဂြိုဟ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး

  • 20 မတ် 2014
Image copyright AFP
Image caption ဂြိုဟ်တု ဓာတ်ပုံအရ ၂၄ မီတာရှည်တဲ့ အပိုင်းအစ တစ်ခု

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား ဘက်ကတော့ ဒီလို တွေ့ရတယ် ဆိုတဲ့ ပုံရိပ်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ