ကရိုင်းမီးယားရှိ ယူကရိန်းတပ်သားတွေကို ခေါ်ယူ

  • 20 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ခရိုင်းမီးယား ရေတပ် အခြေစိုက်စခန်း

ယူကရိန်း တပ်ဖွဲ့တွေနဲ့ သူတို့မိသားစုတွေကို ခရိုင်း မီးယားကနေ ပြန်လည် ရုပ်သိမ်းဖို့ အစီ အစဉ် လုပ်နေ ပြီဖြစ် ကြောင်း ယူကရိန်း အစိုးရ ကိုယ်စား ယူကရိန်း လုံခြုံရေး အကြီးအကဲ အန်ဒရီ ပါရိုဘီး က ထုတ်ဖော် ပြောလိုက် ပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယား ပူးပေါင်းကြောင်း ကြေညာ ပြီးနောက် အခုလို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

တပ်သားတွေနဲ့ မိသားစုတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ရွှေ့ပြောင်းနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ခရိုင်းမီးယားက ထိန်းသိမ်းဖမ်းဆီးထားတဲ့ ယူကရိန်း ရေတပ်အကြီးအကဲကို ပြန်လွှတ်ပေးဖို့ ရုရှားက ခရိုင်းမီးယား အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆီဗတ်စတိုပိုလ် ဆိပ်ကမ်းမှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းကို ဗုဒ္ဓဟူးနေ့တုန်းက ရုရှားလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက သိမ်းပိုက်ခဲ့စဉ်မှာ အဲဒီ ရေတပ်အကြီးအကဲကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ရေတပ်အကြီးအကဲကို နာရီပိုင်း အတွင်း လွှတ်မပေးရင် တခုခု လက်တုန့်ပြန်သွားမယ်လို့ မကြာသေးခင်တုန်းကပဲ ယူကရိန်းက သတိပေးခဲ့ပါသေးတယ်။