ယူကရိန်း ရေတပ် အကြီးအကဲကို ပြန်လွှတ်ပေး

  • 20 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ရေတပ်စခန်းမှာ ရုရှားအလံ လွှင့်ထူထားစဉ်

ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်း ရေတပ်ကို ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေက သိမ်းယူအပြီး တစ်ရက်အကြာမှာ ရေတပ် အကြီးအကဲကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဆီဘတ်စတိုပိုလ်က ယူကရိန်း ရေတပ် ဌာနချုပ်ကို ဝင်စီးပြီးနောက် ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေက အဲဒီ ရေတပ် အကြီးအကဲကို ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ယူကရိန်း အစိုးရကနေ ခရိုင်းမီးယားမှာ ရှိနေတဲ့ စစ်ဖက် ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်လည် ခေါ်ယူဖို့ အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ခရိုင်းမီးယားကို ရုရှားတွေက ခွဲထုတ်သွားတာကိုတော့ ဘယ်သောအခါမှ လက်ခံမှာ မဟုတ်ဘူးလို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ