ဗီရာလင်းရဲ့ ဓာတ်ပြားသစ်

  • 20 မတ် 2014
vera lynn ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာစစ် စစ်သည်တွေ အတွက် သီဆို ဖျော်ဖြေ

ဒုတိယ ကမ္ဘာစစ် တွင်း စစ်သည်တွေ အတွက် သီဆို ဖျော်ဖြေ ပေးခဲ့တဲ့ နာမည်ကျော် အမျိုးသမီး အဆိုတော် ဗီရာလင်း က အသက် ၉၇ နှစ်ပြည့် မွေးနေ့ မှာ ဓာတ်ပြား သစ် တချပ် ထုတ်ဝေ မယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီဓာတ်ပြားသစ်မှာ အရင်က ပရိသတ်တွေ မကြားဖူး သေးတဲ့ သီချင်း အသစ် တွေ ပါဝင်ပြီး သူ့ရဲ့ ဂီတ သက်တမ်း နှစ် ၉ဝ ပြည့်နဲ့ ဒီဒေး ကမ်းတက် တိုက်ပွဲကြီး နှစ် ၇ဝ ပြည့် အမီ ဇွန်လမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

ဒို့ပြန်တွေ့ကြမယ်၊ ဒိုဗာ ကမ်းပါး ဖြူကြီးများ စတဲ့ သီချင်းတွေနဲ့ စစ်သည် သန်းပေါင်း များစွာ ရဲ့ အားပေးမှု ကို ခံယူ ခဲ့ရတဲ့ ဗီရာလင်းဟာ ၂ဝဝ၉ ခုနှစ် ကလည်း သူ့ရဲ့ ဒို့ပြန်တွေ့ကြမယ် သီချင်းဟာ ဗြိတိန်မှာ အရောင်းရဆုံး ဓာတ်ပြား နံပါတ် ၁ ချိတ်ခဲ့ပါတယ်။