အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ တရုတ် ဂြိုလ်တုက အပျက်အစီးတွေ့

  • 22 မတ် 2014
မလေးရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီးရဲ့သတင်းစာရှင်းပွဲ ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးရဲ့ သတင်းစာရှင်းပွဲ

၂ပါတ်ကြာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကြီးကို အိန္ဒယ သမုဒ္ဒရာမှာ နိုင်ငံတကာက အကြီးအကျယ် ရှာဖွေ နေချိန်မှာဘဲ တရုတ်နိုင်ငံက အပျက်အစီးလို့ ယူဆရတဲ့ ဂြိုလ်တုက ပေးပို့တဲ့ ဓါတ်ပုံတွေကို လေ့လာစုံစမ်း နေပါတယ်။

အခုနောက်ဆုံးတွေ့ရှိချက်ကို မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ကွာလာလန်ပူမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ အရာဝတ္ထုဟာ ပေ၇၀လောက် ရှိပါတယ်။

လေယာဉ်ပျောက် ရှာဖွေနေတဲ့ သြစတြေးလျ လေယာဉ်မှူးတွေကတော့ တိမ်နဲ့မြူခိုးတွေ ဆိုင်းနေလို့ ရှာလို့ သိပ်ကောင်းတဲ့မြင်ကွင်းတော့ မဟုတ်ဘူးလို့ပြောပါတယ်။ လူပေါင်း၂၃၉ယောက်ပါတဲ့ မလေးရှားလေကြောင်းပိုင် ဘိုရင်း ခရီးသည်တင် လေယာဉ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပါတ်က ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ