ပြင်သစ်ရွေးကောက်ပွဲမှာ အမျိုးသားတပ်ဦးပါတီ ထောက်ခံမှုရ

  • 24 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား တပ်ဦးပါတီ ခေါင်းဆောင် Marine Le Pen

ပြင်သစ် နိုင်ငံက ဒေသန္တရ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဆိုရှယ်လစ် ပါတီ အမတ်တွေကို မဲမပေးဘဲ မြို့တော်တော်များများမှာ မဲဆန္ဒရှင်တွေက လက်ယာယိမ်း အမျိုးသား တပ်ဦး ပါတီကို အခိုင်အမာ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

အရင်တုန်းက လက်ဝဲယိမ်းတွေကိုသာ ထောက်ခံမဲ ပေးလေ့ရှိခဲ့တဲ့ နိုင်ငံမြောက်ပိုင်းက Henin-Beaumont အရပ်မှာ လူဝင်မှု ကြီးကြပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ပါတီက ကျွတ်ကျွတ် လွတ်လွတ် မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား တပ်ဦး ပါတီ ဟာ နိုင်ငံ အရှေ့ပိုင်းက Forbach ၊ တောင်ပိုင်း မြို့တွေ ဖြစ်တဲ့ Avignon နဲ့ Beziers စတဲ့ နေရာတွေမှာ အနိုင်ရခဲ့ပါတယ်။

ပါတီ ခေါင်းဆောင် Marine Le Pen ကတော့ သူတို့ ပါတီဟာ အဓိက လွတ်လပ်တဲ့ အင်အားကြီး တရပ်အဖြစ် လူထုရှေ့မှောက် ရောက်လာပြီလို့ ဆိုပါတယ်။