ဒီနှစ် G 8 အစည်းအဝေး ရုရှမှာ မဖြစ်တော့

  • 24 မတ် 2014
G8_ ဓာတ်ပုံ မူပိုင် AP
Image caption G8 ဆွေးနွေးပွဲတွေ ဆုံးခန်းတိုင်ပြီလား

ခရိုင်းမီးယားကို သိမ်းသွင်းမှုကြောင့် ရုရှမှာ ဇွန်လ ကျင်းပမယ့် G 8 အစည်းအဝေး ကို ဖျက်သိမ်း လိုက်ပြီလို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက ပြောဆို လိုက်ပါတယ်။

နိုင်ငံရေး အနေအထား ယိုယွင်း နေချိန်မျိုးမှာ G8 ဆိုတာ မရှိတော့ကြောင်း မစ္စစ် မာကဲက သည်ဟိဂ်မြို့ က G 7 အစည်းအဝေးမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

G 8 က ထုတ်ပစ်လည်း ဝမ်းနည်းစရာ မရှိကြောင်း ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လာဗရော့ဗ်က တုံ့ပြန် ပြောကြား ပါတယ်။

အဏုမြူ လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲ တက်ဖို့ သည်ဟိဂ်မြို့မှာပဲ ရှိနေတဲ့ မစ္စတာ လာဗရော့ဗ်က ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Andriy Deshchytsia ကို သီးခြား တွေ့ဆုံခဲ့ ပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် ပိတ်ဆို့မှုကို မထီမဲ့မြင် ပြုတဲ့ သဘောနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ခံရတဲ့ Rossiya ဘဏ်မှာ ရုရှ သမ္မတ မစ္စတာ ပူတင်က ဘဏ်စာရင်း အသစ် ဖွင့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ