လေယာဉ်ပျောက် ရှာဖွေမှု အရာဝတ္ထုအချို့ ထပ်တွေ့

  • 24 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှာဖွေရေး ဆောင်ရွက်နေတဲ့ သြစတြေးလျ လေယာဉ်တစ်စီး။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေနေကြရာမှာ ထပ်မံ ရှာဖွေ တွေ့ရှိမှု အချို့ ပေါ်ပေါက်လာခဲ့ပါတယ်။

သြစတြေးလျ ရှာဖွေရေး လေယာဉ် တစ်စင်းဟာ စက်ဝိုင်းပုံ အရာဝတ္ထု တစ်ခုနဲ့ လေးထောင့် သဏ္ဌာန် အရာတစ်ခု တွေ့ခဲ့တယ်လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး ဟစ်ရှမ်မူဒီန် ဟူစိန်က ပြောပါတယ်။

မကြာမီ နာရီ အနည်းငယ် အတွင်းမှာ အဲဒီ အရာတွေကို သြစတြေးလျ ရေတပ်သင်္ဘောက ဆယ်ယူနိုင်လိမ့်မယ်လို့ သြစတြေးလျ ဝန်ကြီးချူပ် Tony Abbott က လည်း ပြောခဲ့ပါတယ်။

ပျောက်နေတဲ့ မလေးရှား လေယာဉ်က အပျက်အစီး အပိုင်းအစတွေ ဟုတ် မဟုတ် မသိရသေးဘူးလို့ မစ္စတာ အက်ဘော့က သြစတြေးလျ ပါလီမန်ထဲမှာ ပြောကြားခဲ့ပေမယ့် ရှာဖွေ စုံစမ်း စစ်ဆေးသူတွေ အဖို့ အခုခေတ်ရဲ့ အသိရ အခက်ဆုံး ပုစ္ဆာကို အဖြေထုတ်နိုင်ဖို့ နီးစပ်လာနိုင်ပြီ လို့လည်း သူက ပြောခဲ့ပါတယ်။

အစောပိုင်းက တရုတ် ရှာဖွေရေး လေယာဉ်က တွေ့ခဲ့တဲ့ လေးထောင့် အဖြူပြားတွေဟာ ပျောက်ဆုံးနေတဲ့ MH ၃၇၀ က အစိတ်အပိုင်းတွေ ဟုတ်မဟုတ်လည်း အတည် မပြုနိုင်ခဲ့ပါဘူး။ ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ သစ်သား လေးထောင့်ပြားတွေ ပါသွားတယ်လို့ မလေးရှားဘက်က ပြောခဲ့ပေမယ့် ရှာဖွေနေတဲ့ ဧရိယာထဲမှာ မျောနေတာ တွေ့ရတယ်လို့ ဩစတြေးလျက သတင်းပို့ခဲ့တဲ့ လေးထောင့်ပြားနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ