ပျောက်ဆုံးလေယာဉ် ပျက်ကျကြောင်း ကြေညာ

ဓာတ်ပုံ မူပိုင် AFP
Image caption ပျက်ကျကြောင်း သတင်းရအပြီး ပူဆွေးနေကြစဉ်

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

ဒီလို ကြေညာရတာဟာ နောက်ဆုံးရရှိတဲ့ ဂြိုဟ်တု အချက်အလက်တွေကို သုံသပ်ပြီးမှ အခုလို ကောက်ချက်ချရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီ လေယာဉ်ပေါ်ကို လိုက်ပါသွားတဲ့ လူ ၂၃၉ ယောက်ရဲ့ မိသားစုတွေကိုလည်း လေယာဉ် ပျက်ကျခဲ့ကြောင်း မလေးရှား လေကြောင်းလိုင်းက အကြောင်းကြားလိုက်ပြီလို့ သူက ဆိုပါတယ်။

အစောပိုင်းကတော့ သြစတြေးလျ ရှာဖွေရေး လေယာဉ် တစ်စင်းဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာပဲ စက်ဝိုင်းပုံ အရာဝတ္ထု တစ်ခုနဲ့ လေးထောင့် သဏ္ဌာန် အရာတစ်ခု တွေ့ခဲ့ပါသေးတယ်။

တစ်ခါ တရုတ် ရှာဖွေရေး လေယာဉ်ကလည်း သမုဒ္ဒရာ ထဲမှာ မျောနေတဲ့ လေးထောင့် အဖြူပြားတွေကိုတွေ့ခဲ့ပေမယ့် အဲဒီအချိန်က လေယာဉ်ရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် အတည်မပြုနိုင်ခဲ့ကြပါဘူး။

အခုတော့ အသစ်တွေ့ရတဲ့ ဂြိုဟ်တု အချက်အလက်တွေအရ MH370 ဟာ တောင်ပိုင်းလမ်းကြောင်းမှာ ပျံသန်းနေခဲ့ပြီးမှ ပျက်ကျခဲ့တာ ဖြစ်ပြီး နောက်ဆုံးသိရတဲ့ တည်နေရာဟာ အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ