မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို

  • 24 မတ် 2014
china plane ဓာတ်ပုံ မူပိုင် AFP
Image caption ခရီးဆုံး ရောက်မလာတဲ့ မလေးရှား လေယာဉ်

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လာ နေ့က ပြောကြား ခဲ့ပါတယ်။

လေယာဉ်ပျံ ကို ခုထိ ရှာမတွေ့သေးတာမို့ မလေးရှား အစိုးရ ပြောကြားချက်ကို သံသယ ဝင်ကြောင်း တရုတ် ခရီးသည် တွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ရာသီ ဥတု ဆိုးရွားပြီး လှိုင်းကြီး နေတဲ့ အတွက် မလေးရှား လေယာဉ် ရှာဖွေရေး တွေကို ရပ်ဆိုင်း ထားလိုက်တယ်လို့ ဩစတြေးလျ ပင်လယ် ရေကြောင်း လုံခြုံရေး အာဏာ ပိုင် တွေက ကြေညာ လိုက်ပါတယ်။

လေကြီး မိုးကြီး ကျနေတဲ့ အတွက် လေယာဉ်တွေ ပျံသန်းဖို့ ခက်ခဲနေတယ်လို့ ကြေညာ ထားပါတယ်။

လေယာဉ်ပျက် အစန တွေလို့ ယူဆရတဲ့ အရာတွေ မျောပါလာတာကို မနေ့က တွေ့ခဲ့ရတဲ့ နေရာကို ရေတပ် သင်္ဘော တစင်း လွှတ် ရှာဖွေ ရမယ်လို့ လည်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ