အမေရိကန်မြေပြိုမှု ရွာတဝက် ပျောက်ဆုံး

  • 24 မတ် 2014
oso ဓာတ်ပုံ မူပိုင် AP
Image caption သောကဖိစီးနေတဲ့ ဒေသခံတွေ

အမေရိကန် အနောက်မြောက်ပိုင်း ဝါရှင်တန် ပြည်နယ် မှာ စနေနေ့က မြေပြိုကျမှု ကြောင့် ရွာ တဝက်ကျော် လောက် ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။

အိုဆို ကျေးရွာမှာ မကြာခင် ကောက်ထားခဲ့တဲ့ သန်းခေါင်စာရင်း က လူ ၁၈ဝ လောက် နေတယ်လို့ သိရပြီး ဒီထဲက လူ ၁ဝ၈ ယောက် ပျောက်နေတာ ဖြစ်ပါတယ်။

ခုချိန်ထိ ရုပ်အလောင်း ၁၄ လောင်းပဲ တူးဖော်လို့ ရပါတယ်။

ပျောက်ဆုံးနေသူ တွေဟာ သူတို့ ကားတွေပေါ်မှာ ပိတ်မိ နေတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင် တွေက ယူဆ ပါတယ်။

၁၅ ပေလောက် ထူတဲ့ ရွှံ့ညွန် အမှိုက်သရိုက်တွေကြား ပိတ်မိနေသူ တွေကို ရှာတွေ့ဖို့ မျှော်လင့်ချက်တွေ တဖြည်းဖြည်း မှေးမှိန် လာနေ ပါတယ်။

အဲဒီ ဒေသမှာ မိုးပြင်းပြင်းထန်ထန် ရွာခဲ့ပြီးနောက် စတုရန်း တမိုင်ခွဲလောက် ရှိတဲ့နေရာကို ရွှံ့ညွှန် အပျက်အစီး အပိုင်းအစတွေ ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။

ရွှံ့စေးမြေ ပြိုကျမှုတွေ ကြောင့် မြစ်ကြောင်း ပိတ်ဆို့မှု ဖြစ်ခဲ့ပြီး မြေရေလျှံမှု တွေ ဆိုးဆိုးရွားရွား ကြုံရမှာကို စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ