၅၀၀ ကျော် သေဒဏ်ချမှု အီဂျစ်ကို ကုလ ရှုတ်ချ

  • 25 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သေဒဏ်ချခံရသူတွေရဲ့ ဆွေမျိုးအချို့။

အီဂျစ် တရားရုံးကနေ မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် ၅၀၀ ကျော်ကို သေဒဏ် ချမှတ်လိုက်တာဟာ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေကို ဖောက်ဖျက် ကျူးလွန်တာပဲ လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြောကြားလိုက် ပါတယ်။

တနင်္လာနေ့က စီရင်ချက် ချမှတ်ခဲ့တဲ့ အဲဒီ တရားရုံး ကြားနာမှုမှာ လုပ်ထုံးလုပ်နည်း မူမမှန် လွဲချော်မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂက ရှုံ့ချလိုက်ပါတယ်။

ဒီလောက် လူအများကြီးကို တပြိုင်နက်တည်း သေဒဏ် စီရင်မှု ဆိုတာ အခု ခေတ်သစ် သမိုင်းမှာတော့ တခါမှ မကြုံစဖူးပဲ လို့လည်း ကုလသမဂ္ဂက မှတ်ချက်ချပါတယ်။

ပြီးခဲတဲ့ သြဂုတ်လက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေအတွင်း ပါဝင်ခဲ့မှုကြောင့် မွတ်ဆလင် ညီနောင်များ အဖွဲ့အပေါ် အားပေးသူ နောက်ထပ် လူ ၇၀၀ကို အဲဒီ့တရားရုံးမှာပဲ ဒီကနေ့ စတင် အမှုစစ်နေပြီ ဖြစ်ပါတယ်။

ဒီတစ်သုတ် အမှုတွဲထဲမှာတော့ အဲဒီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင် Mohamed Badie လည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ