G8 အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ခံရမှု ရုရှား ဝေဖန်

  • 25 မတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဆွေးနွေးမှုတွေမှာ ခရိုင်းမီးယား အရေးသာ လွှမ်းမိုးနေ

ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုလိုက်ပါတယ်။

နယ်သာလန် နိုင်ငံမှာ ကျင်းပနေတာ ၂ ရက် ရှိနေပြီ ဖြစ်တဲ့ နယူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးမှာ ရုရှားကို ဦးဆောင်ဆွေးနွေးသူ နေရာမှာ မထည့်ခဲ့တဲ့ ဥရောပ၊ မြောက် အမေရိကနဲ့ ဂျပန်က အစိုးရ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုကို မစ္စတာ Peskov က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီး အစည်းအဝေး အတွင်း ဆွေးနွေးစရာ ကိစ္စတွေမှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားထဲ ထည့်သွင်းခဲ့တဲ့ အကြောင်းကပဲ လွှမ်းမိုးနေပါတယ်။

ရုရှားရဲ့ အပြုအမူဟာ ကျန် ထိပ်သီး စက်မှုနိုင်ငံတွေ အတူတကွ မျှဝေ ယုံကြည်ထားမှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန် သမ္မတ အိုးဘားမားက ပြောခဲ့ပါတယ်။

ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Peskov ကတော့ စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည် စတင်နိုင်ဖို့ရာ စကားပြောဆို ဆွေးနွေးကြဖို့ကို ရုရှားဘက်က အခုထက်ထိ အလိုရှိတုန်းပဲလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ