၂၄ကြိမ်မြောက် ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး

Image caption Bundesliga ချန်ပီယံ ဆုဖလားနဲ့ ဘိုင်ယန် မြူးနစ် အသင်း

ဂျာမန် ဘွန်ဒက်လီဂါ ပွဲမှာ လက်ရှိ ချန်ပီယံ ဘိုင်ယန် မြူးနစ် အသင်းဟာ Hertha Berlin အသင်းကို သုံးဂိုး တဂိုးနဲ့ နိုင်ပြီး ချန်ပီယံ ဆုကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန် မြူးနစ် အသင်းဟာ အခု တကြိမ်နဲ့ပါဆိုရင် ချန်ပီယံ ဆု ဆွတ်ခူးနိုင်ခဲ့တာ ၂၄ ကြိမ် ရှိသွားပါပြီ။

ဘိုင်ယန် မြူးနစ် အသင်း ဥက္ကဌ အိုလီ ဟိုးနက်စ် အခွန်ရှောင်မှုနဲ့ နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် နှစ်ပတ် အကြာမှာ အခုလို ချန်ပီယံဆု ထပ်မံ ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

မစ္စတာ ဟိုးနက်စ်ကို ကျူးလွန်ခဲ့တဲ့ အမှုတွေ အတွက် မြူးနစ် တရားရုံးက ထောင်သုံးနှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ