ရုရှားကို အိုဘားမား သတိပေးပြီ

  • 26 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား

ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက် သိမ်းပိုက်မှု တွေ ခုထက်ပိုတိုး လုပ်လာမယ်ဆိုရင် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု တွေနဲ့ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ အိုဘားမား က သတိပေးလိုက်ပါတယ်။

The Hague မြို့ မှာ G 7 ကမ္ဘာ့ စက်မှု အင်အားကြီး ၇ နိုင်ငံ အစည်းအဝေးမှာ မစ္စတာ အိုဘားမားက အခုလို သတိပေး လိုက်တာ ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူမှု တွေကြောင့် ရုရှ ရဲ့ စီးပွားရေး တခုလုံးကို ထိခိုက်စေမှာ ဖြစ်သလို အမေရိကန်နဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ကိုလည်း နစ်နစ်စေနိုင်တယ် ဆိုတာကို သေချာစဉ်းစား ပြီးမှ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း သမ္မတ အိုဘားမား က ပြောပါတယ်။

ရုရှားဟာ ဒေသတွင်းမှာ အင်အားကြီး နိုင်ငံတခု ဖြစ်ပေမယ့် အိမ်နီးချင်း နိုင်ငံ တွေ အပေါ်မှာ ခြိမ်းခြောက်မှု ပြုနေတာဟာ ကိုယ့်အားနည်းချက် ကို ဖေါ်ပြလိုက်တာ ဖြစ်ပြီး ဒါဟာ အခွင့်ကောင်း ၀င်ယူမှု ဖြစ်တယ်လို့ သူက ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် ခရိုင်းမီးယားဒေသ ယူကရိန်းက ခွဲထွက်သွားရာကနေ ပြန်ပေါင်းလာမလား ဆိုတဲ့ မျှော်လင့်ချက် တစုံတရာကို သမ္မတ အိုဘားမား က ပြောမသွားခဲ့ဘဲ လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို အသိအမှတ်ပြု သွားခဲပါတယ်။