ပါကစ္စတန် အစိုးရနဲ့ တာလီဘန် ဆွေးနွေး

  • 26 မတ် 2014
Image caption ပါကစ္စတန်မှာ တာလီဘန်တွေ လက်ချက်ကြောင့် ထောင်ချီ သေဆုံးခဲ့

ပါကစ္စတန် ဗဟို အစိုးရနဲ့ တာလီဘန် တို့ကြား တိုက်ရိုက် ဆွေးနွေးမှု တွေကို အာဖဂန် နစ္စတန် နယ်စပ် အနီး ပါကစ္စတန် မြောက်ပိုင်းမှာ ကျင်းပနေပါတယ်။

ပါကစ္စတန် အစိုးရ ကိုယ်စားလှယ်တွေက ပါကစ္စတန် နိုင်ငံက Tehreek-i-Taliban အဖွဲ့ဝင် စစ်သွေးကြွ တွေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ နိုင်ငံ မြောက်ပိုင်း ဝါဇီရစ္စတန် North Waziristan ဒေသကို သွားခဲ့ကြပါတယ်။ နေရာ အတိအကျကိုတော့ ထုတ်ဖော် ပြောခြင်း မရှိပါဘူး။

အခု ဆွေးနွေးမှုတွေဟာ လူ့အသက်ပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နည်းလမ်းရှာတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် နာဝါဇ် ရှာရစ်ရဲ့ ကြိုးပမ်းမှု ရလဒ်လည်း ဖြစ်ပါတယ်။