ရေမျော အပိုင်းအစ ၃၀၀ ထိုင်း ဂြိုဟ်တု တွေ့ရှိ

  • 27 မတ် 2014
Image copyright AFP
Image caption ထိုင်း ဂြိုဟ်တုက ရရှိတဲ့ ဓာတ်ပုံ

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ ထိုင်း ဂြိုဟ်တုက တစ်ဆင့် အပိုင်းအစ ၃၀၀ လောက် ထပ်တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ အာကာသ အေဂျင်စီက ပြောလိုက်ပါတယ်။

အဲဒီ မျောနေတဲ့ အပိုင်းအစတွေဟာ ၂ မီတာကနေ ၁၅ မီတာ (၆ ပေခွဲကနေ ပေ ၅၀) အထိ အရွယ် အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း ပြင်သစ် ဂြိုဟ်တုတစ်လုံးက လေယာဉ် အပိုင်းအစတွေလို့ ယူဆရမယ့် အစိတ်အပိုင်း ၁၂၀ လောက်ကို တွေ့ရှိခဲ့ပါသေးတယ်။

လောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေလို့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ဝေဟင်က တဆင့် ရှာဖွေမှုတွေကို ခေတ္တ ရပ်ဆိုင်းထားပါတယ်။

ရှာဖွေရေး လေယာဉ်တွေ ပါ့သ်မြို့ကို ပြန်ရောက်လာကြပေမယ့် ရေယာဉ် သင်္ဘောတွေကတော့ ဆက်လက် ရှာဖွေသွားမှာ ဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ