သီရိ လင်္ကာ အရေး ကုလ ကော်မရှင် မဲခွဲ

  • 27 မတ် 2014
Rajapakse
အစိုးရရဲ့ ရင်ကြားစေ့ ရေး ကြိုးပမ်းချက်ကို ထိခိုက်

သီရိ လင်္ကာ ပြည်တွင်းစစ် အတွင်းက ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ စစ်ရာဇဝတ်မှု တွေကို စုံစမ်း စစ်ဆေးရေး အတွက် နိုင်ငံတကာ စုံစမ်းရေး တွေ လုပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်က ဂျနီဗာမှာ မဲခွဲ ဆုံးဖြတ်ခဲ့ ပါတယ်။

၂ဝဝ၉ မှာ ဆုံးခန်းတိုင် သွားတဲ့ ၂၅ နှစ်ကြာ ပြည်တွင်းစစ် ကြီး အတွင်း အစိုးရတပ်နဲ့ တမီး သူပုန် တပ်တွေ နှစ်ဘက်လုံးက ရာဇဝတ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲမှု တွေကို စုံစမ်း စစ်ဆေးရေး လုပ်ဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆို ထားပါတယ်။

သီရိ လင်္ကာ အစိုးရရဲ့ ရင်ကြားစေ့ ရေး ကြိုးပမ်းချက် တွေကို ထိခိုက် လိမ့်မယ် ဆိုပြီး သမ္မတ Mahinda Rajapakse က ဒီဆုံးဖြတ်ချက် ကို ပယ်ချ ခဲ့ပါတယ်။

တရားမျှတမှုနဲ့ တာဝန်ယူမှု သဘောတရားကို ရှောင်လွှဲလို့ မရကြောင်း ဒီဆုံးဖြတ်ချက် က ပြတ်ပြတ်သားသား ထောက်ပြ လိုက်တာလို့ အမေရိကန် က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ