ယူကရိန်းရေး ကုလဆုံးဖြတ်ချက် ထုတ်ပြန်

  • 27 မတ် 2014
Crimea ဓာတ်ပုံ မူပိုင် Getty
Image caption ခရိုင်းမီးယားကို ရုရှ သိမ်းပိုက်

ရုရှ ထောက်ခံမှု နဲ့ ကျင်းပတဲ့ ခရိုင်းမီးယား ဆန္ဒ ခံယူပွဲ တရားမဝင်ကြောင်းနဲ့ ယူကရိန်းရဲ့ နယ်မြေ အချုပ် အခြာ တည်တံ့ ခိုင်မြဲရေးကို အားပေး ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ က အတည်ပြု ပြဋ္ဌာန်း လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံ တရာက ထောက်ခံ ပြီး ၁၁ နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ကာ ၅၈ နိုင်ငံက မဲမပေးဘဲ ကြားနေ ခဲ့ပါတယ်။

မဖြစ်မနေ လိုက်နာ ဆောင်ရွက်စရာ မလိုပေမယ့်လည်း ဒီဆုံးဖြတ်ချက် ကြောင့် ရုရှကို သံတမန် နည်းအရ ဘေးဖယ် ထုတ်ထား သလို ဖြစ်လိမ့် မယ်လို့ အနောက် အုပ်စု နိုင်ငံ တွေက မျှော်လင့် ထားကြပါတယ်။

ရုရှရဲ့ နောက်ထပ် စွက်ဖက်မယ့် ခြေလှမ်း တွေကို တားဆီး ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ယူကရိန်း အစိုးရက ပြောဆို ပါတယ်။

ခရိုင်းမီးယားရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းချက်ကို ထောက်ခံရမှာ ဖြစ်ကြောင်း ရုရှ ဘက်က ခုခံ ပြောကြား ခဲ့ပါတယ်။

ယူကရိန်းကို ဒေါ်လာ သန်းတထောင် ထုတ်ချေးမယ့် ဥပဒေ တရပ်ကိုလည်း အမေရိကန် ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်း လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ