အိန္ဒိယ သမုဒ္ဒရာ နေရာသစ်မှာ အစအနတွေ ထပ်တွေ့

Image caption နယူးဇီလန် လေယာဉ်ပေါ်က တွေ့ရတဲ့ အပိုင်းအစတစ်ခု

ပျောက်နေတဲ့ မလေးရှားလေယာဉ်ကို ရှာဖွေနေတဲ့ အဖွဲ့တွေထဲက နယူးဇီလန် စစ်ဖက်လေယာဉ် တစ်စီးဟာ အိန္ဒိယ သမုဒ္ဒရာထဲက နေရာသစ်တခုမှာ အပျက်အစီး ပစ္စည်း အစအနတွေ ထပ်တွေ့ခဲ့ပါတယ်။

ရေဒါ ဆက်သွယ်ရေး အချက်အလက်တွေကို ထပ်ပြီး အသေးစိတ် စစ်ဆေးပြီးတဲ့နောက်မှာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း သြစတြေးလျ နိုင်ငံ ပါ့သ်မြို့ အနောက်ဘက် ပင်လယ်ပြင်ထဲက နေရာသစ်မှာ ရှာဖွေနေကြရင်း အခုလို တွေ့ခဲ့ရတာပါ။

အခု တွေ့ရတဲ့ နေရာသစ်ဟာ အရင်ရှာနေတဲ့ နေရာတွေထက် ကမ်းခြေဘက်နဲ့ ကီလိုမီတာ ၁၁၀၀ လောက် မြောက်ဘက် ပိုကျပါတယ်။

အဲဒီနေရာကို သင်္ဘောတွေလည်း စေလွှတ်ထားပေမယ့် မနက်ဖြန်အထိ အဲဒီနေရာကို မရောက်နိုင်ဘူးလို့လဲ သိရပါတယ်။

စစ်ဆေး တွေ့ရှိချက် အသစ်တွေအရ အခုလို နေရာသစ်ဆီ ရွှေ့ရတာလို့ သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဌာနက မာတင်ဒိုလန်က ပြောပါတယ်။

ရထားတဲ့ အချက်အလက်တွေ အရ လေယာဉ်ဟာ နဂိုထင်ထားတဲ့ အရှိန်ထက် ပိုမြန်တဲ့ နှုန်းနဲ့ သွားနေတယ်၊ ဒါကြောင့် ဆီ စောစော ကုန်ပြီး အခု မှန်းတဲ့ နေရာလောက်မှာ ပျောက်သွားတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

လူပေါင်း ၂၃၉ ယောက် ပါသွားတဲ့ လေယာဉ် ပျောက်းသွာတာ ၃ ပတ် နီးပါး ရှိလာပေမယ့် လေယာဉ်ပျက်ကို ရှာလို့ မတွေ့နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ