တရုတ် ခရီးသည်တွေရဲ့ မိသားစုတွေ မလေးရှားရောက်

  • 30 မတ် 2014
Image copyright Reuters
Image caption မလေးရှား လေယာဉ်ပေါ်ပါ တရုတ်ခရီးသည် တွေရဲ့ မိသားစုဝင်တွေ

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပေါ်၊ လိုက်ပါသွားခဲ့ကြတဲ့ တရုတ်ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင် အယောက် ၃၀ လောက်ဟာ၊ လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းအကြောင်းအရာ ခြေခြေမြစ်မြစ်တွေကို မလေးရှား အစိုးရထံ ဖိအားပေး မေးမြန်းဖို့၊ ကွာလာလမ်ပူကို သွားခဲ့ကြပါတယ်။

သူတို့ဟာ အဲဒီ့လေယာဉ် ဘာဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်တဲ့၊ သတင်းအချက်အလက်တွေကို သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သိလိုတယ် ဆိုပြီး ရေးသားထားတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားခဲ့ ကြပါတယ်။

သတင်းတွေ ထုတ်ပြန်တာ နှောင့်နှေးပြီး၊ လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျသွားပြီ၊ ခရီးသည်အားလုံး သေဆုံးပြီ စတာတွေကို အထောက်အထား မပြပဲ ပြောဆိုခဲ့တဲ့ မလေးရှား အစိုးရက တောင်းပန်စကား ပြောရမယ်လို့လည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ