ယူကရိန်းပြဿနာ သံတမန်နည်းအဖြေရှာမယ်လို့ပြော

  • 30 မတ် 2014
ရုရှားနဲ့အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ဆွေးနွေး Image copyright
Image caption ရုရှားနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေး

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေ ယူကရိန်း ကိစ္စ အရေးပေါ် လေးနာရီကြာ ဆွေးနွေးပြီး သံတမန်ရေးနဲ့ ဆက်အဖြေရှာမယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။

ရုရှားတပ်တွေ ကရိုင်းမီးယားဒေသအပါအဝင် ယူကရိန်းက ရုတ်သိမ်းပေးဖို့ အမေရိကန်က တောင်းဆိုပြီး ရုရှားဘက်ကတော့ ဆုတ်ပေးမယ့်ပုံမပေါ်ပါဘူး။ ရုရှားဘက်ကတော့ ယူကရိန်းနိုင်ငံကို ဖယ်ဒရယ် ပြည်ထောင်စု ပုံစံမျိုးပြောင်းလဲဖို့လိုလားနေပါတယ်။ ဒါကိုလည်းယူကရိန်းအစိုးရက ပယ်ချခဲ့ပါတယ်။

အခုဆွေးနွေးပွဲတွေ ပွင့်လင်းမှုရှိပြီးအဖြေတစုံတရာ သဘောမတူနိုင်ကြပေမယ့် နောက်ဆုံးအဖြေကိုတော့ ယူကရိန်းပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံကြားရေး ဝန်ကြီးဂျွန်ကယ်ရီက ပြောပါတယ်။

သံတမန်ရေးအရ အဖြေတစုံတရာမရရင် ရုရှားနွယ်ဖွားတွေကို ကယ်တင်တဲ့အနေနဲ့ ရုရှားက စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေတာဖြစ်တယ်လို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ