အစ္စရေး ဝန်ကြီးချုပ်ဟောင်း လာဘ်စားမှု အပြစ်ရှိ

  • 31 မတ် 2014
Image caption ၂၀၀၆ မှ ၂၀၀၉ အထိ အစ္စရေး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ Ehud Olmert

အစ္စရေး ဝန်ကြီးချူပ်ဟောင်း အီဟွတ် အိုလ်မတ်ထ်ဟာ လာဘ်စားမှုနဲ့ အပြစ်ရှိတယ်လို့ တဲလ်အဗစ် မြို့တော်ရဲ့ ခရိုင်ဒေသ တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

သူ တဲလ်အဗစ် မြို့တော်ဝန် လုပ်ခဲ့စဉ်က အိမ်ယာ ဆောက်လုပ်ရေး ပရောဂျက်တွေနဲ့ ပတ်သက်ပြီး ခြစားမှုတွေ ရှိခဲ့တယ် ဆိုပြီး မစ္စတာ အိုလ်မတ်ထ် အပါအဝင် လူအတော်များများအပေါ် ဒီလို စီရင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး အစိုးရ အုပ်ချူပ်ရေး ယန္တရားဟာ တစ်နှစ်ထက် တစ်နှစ် ပိုအကျင့်ပျက် ယိုယွင်းလာမှုကို ဒီအမှုက ဖော်ပြပေးနေတယ်လို့ တရားသူကြီးရဲ့ စီရင်ချက်ထဲမှာ ပါဝင်ပါတယ်။

မစ္စတာ အိုလ်မတ်ထ် ဝန်ကြီးချူပ် ဖြစ်နေစဉ် ၂၀၀၈ ခုနှစ်မှာ ဒီ အိမ်ယာမြေ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ သတင်း ထွက်လာတာကြောင့် ရာထူးကနေ ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ယခင် ဝန်ကြီးချုပ်ဟောင်း တစ်ယောက်ကို အခုလို လာဘ်ယူမှုနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့တာဟာ အစ္စရေး နိုင်ငံမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ