နိုင်ငံတော် သစ္စာဖောက်မှုနဲ့ မူရှာရက်ဖ်ကို ကြားနာ

  • 31 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခံရသူ စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ်

ပါကစ္စတန် နိုင်ငံရဲ့ အထူးတရားရုံး တစ်ခုက အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုချက်ကို လက်ခံ ကြားနာပေးတော့မှာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက မစ္စတာ မူရှာရက်ဖ်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ တိုင်းပြည်ကို အရေးပေါ် ဥပေဒ ပြဋ္ဌာန်း အုပ်ချုပ်ခဲ့တဲ့ အတွက် ဒီလို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲဆိုခံရတာ ဖြစ်ပါတယ်။

ဒါဟာ ပါကစ္စတန် နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အနေနဲ့ စစ်တပ်ရဲ့ အကြီးအကဲကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရပ်ဘက် ခုံရုံးမှာ တရားစွဲဆို စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

ရုံးတော်အတွင်း သူ့အပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေကို ဖတ်ပြစဉ်မှာ မစ္စတာ မူရှာရက်ဖ်ဟာ ဖြူလျော်လျော်နဲ့ ညှိုးရော်နေတယ်လို့ ဆိုပါတယ်။

သူဟာ စွဲဆိုထားတဲ့ အမှုကိစ္စ ၅ခုလုံး အပေါ် အပြစ် မရှိကြောင်း ငြင်းဆိုခဲ့ပြီး တိုင်းပြည်ရဲ့ သစ္စာဖောက် မဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒီ ဗိုလ်ချုပ်ကြီး ဟောင်းဟာ ပြည်ပကို တိမ်းရှောင် နေရာကနေ ပါကစ္စတန်ကို မနှစ်က ပြန်ရောက်လာခဲ့ ပြီးတဲ့နောက် သူ့အပေါ် တရားစွဲဆိုမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ