အင်တာနက်ဟာ အမြင်အတွေးတွေ ထုတ်ဖော်နိုင်တဲ့ နေရာ

  • 1 ဧပြီ 2014
Image caption လွတ်လပ်မှု ကို ဘယ်လို မြင်ကြပါသလဲ

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် ကနေ စစ်တမ်း ကောက်ယူမှု အရ အင်တာနက် ဟာ ကိုယ့်ရဲ့ တွေးထင် ကြံဆမှုတွေကို ထုတ်ဖော်ပြောနိုင်တဲ့ လုံခြုံတဲ့ နေရာ တခု ဖြစ်တယ်လို့ စစ်တမ်းမှာပါတဲ့ လူတဝက်လောက်က ပြောကြောင်း ဖော်ပြထားပါတယ်။

စစ်တမ်းကောက်ယူတဲ့ ၁၇ နိုင်ငံအနက် နိုင်ဂျီးရီးယား မှာတော့ ၇၀ ရာခိုင်နှုန်းကျော်က အင်တာနက်ပေါ်မှာ ကိုယ့်အမြင်အတွေးတွေကို ပြောဖို့ လွတ်လပ်မှု ရှိတယ်လို့ ခံစားရပေမယ့် ပြင်သစ်မှာတော့ ဖြေကြားသူရဲ့ ၂၂ ရာနှုန်းလောက်ကသာ အမြင်အတွေးတွေကို အင်တာနက်ပေါ်ကနေ မျှဝေနိုင်တာပါလို့ ဆိုပါတယ်။

အစိုးရရဲ့ လေ့လာစောင့်ကြည့်မှုနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဂျာမနီ က အများစု ဖြေကြားသူတွေက သူတို့ရဲ့ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်နေတယ်လို့ ခံစားရကြောင်း ဆိုကြပေမယ့် တရုတ်မှာတော့ သုံးပုံ နှစ်ပုံလောက်က သူတို့အနေနဲ့တော့ စောင့်ကြည့်တယ်လို့ မခံစားရဘူးလို့ ပြောပါတယ်။